Language :
  • English
  • ဗမာစာ
  • နှင်းနှင်းလှိုင်

    စာရင်းကိုင်ဌာနမှူး

    နှင်းနှင်းလှိုင်သည် BNK Capital Myanmar Microfinance Companyသို့ စက်တင်ဘာလ ၂၀၁၉ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် စာရင်းကိုင်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမသည် ဘဏ္ဍာရေးကဏ္ဍတွင် အတွေ့အကြုံ ၁၄ နှစ်ကျော်ရှိသည်။ BNKCM သို့မဝင်မီ သူမသည် Banking, Trading, Oil &Gas နှင့် Multi National Company များတွင် စီနီယာစာရင်းကိုင်၊ စာရင်းကိုင်ချုပ်၊ ဘဏ်စာရင်းမန်နေဂျာ၊ ဘတ်ဂျက်စီမံရေးမန်နေဂျာစသည့် ရာထူးအသီးသီးတွင် လုပ်ကိုင်ခဲ့သည်။ သူမသည် Core Banking System Migration နှင့် Accounting set up တို့တွင်လည်း အတွေ့အကြုံရှိသည်။

    ၂၀၀၄ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ စီးပွားရေးဘွဲ့နှင့် ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့တို့ကို ရရှိခဲ့သည်။ သူမသည် လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) ကို တက်ရောက်လျက်ရှိပြီး ACCA ပရိုဂရမ်ကိုလည်း လေ့လာနေပါသည်။ ထို့အပြင်အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖြစ်သော  MFRS and IFRS , Myanmar Taxation,  several Financial Accounting Software အပြင် နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းနှင့် နိုင်ငံတကာစာရင်းကိုင်ဆိုင်ရာ ဒီပလိုမာများကိုလည်း ရရှိခဲ့ပါသည်။