Language :
  • English
  • ဗမာစာ
  • BNK Capital Myanmar တည်‌ထောင်ခြင်း (၉)နှစ်ပြည့်အထိမ်းအမှတ် ကျေးဇူးတင်လွှာ

    BNK Capital Myanmar ဝန်ထမ်းများအားလုံး မင်္ဂလာပါ…

    ဒီနေ့ကတော့ ကျွန်တော်တို့ BNK Capital Myanmarကုမ္ပဏီရဲ့  (၉)နှစ်ပြည့်အထိမ်းအမှတ် နေ့ရက်ဖြစ်ပါတယ်။ ဒီအတောအတွင်း သံယောဇဉ်၊ ကြိုးစားမှုတွေနဲ့ ကုမ္ပဏီကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို တကယ့်ကို ကျေးဇူးတင်ရှိအပ်ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကိုရိုနာ(၁၉)ရောဂါနဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုတွေကြောင့် ကျွန်တော်တို့အားလုံး ခက်ခဲပင်ပန်းတဲ့ အချိန်ကာလကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ချေးငွေလက်ကျန်ပမာဏ လျော့နည်းမှုနဲ့ နောက်ကျချေးငွေများပြားလာခြင်းတွေကြောင့် ကုမ္ပဏီရဲ့အရှုံးအမြတ်စာရင်းမှာ ကြီးမားတဲ့အရှုံးတွေဖြစ်ပေါ်နေပြီး ပြန်လည်ကောင်းမွန်ဖို့အတွက် ကျွန်တော်တို့ဟာ အတော်အသင့် ပင်ပန်းကြရဉီးမယ်လို့ ထင်ပါတယ်။

    သို့သော်လည်း ဒီနှစ်ကစပြီး ကျွန်တော်တို့ရဲ့ BNK Capital Myanmarက နောက်ထပ်တစ်ဖန် ရှေ့ကိုလျှောက်လှမ်းနိုင်မယ့် နှစ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ ပြင်ပအခြေအနေတွေက လုံးဝ ပြန်လည်ကောင်းမွန်နေတာမျိုးမဟုတ်ပေမယ့်လည်း ရုံးခွဲတွေဆီ လည်ပတ်တဲ့အချိန်တုန်းက ဝန်ထမ်းတွေရဲ့ နွေးထွေးတဲ့မျက်နှာလေးကိုကြည့်ရင်း အဆုံးမရှိ တိုးတက်လာနိုင်ချေရှိတာကို ခံစားမိပါတယ်။ ဒါကြောင့် ဝန်ထမ်းအားလုံးနဲ့အတူ ကျွန်တော်တို့ကြိုးစားကြမယ်ဆိုရင် သေချာပေါက်ဒီနှစ်ဟာ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာနိုင်မယ်လို့ ထင်မိပါတယ်။

    ပထမအချက်ကတော့ ကျွန်တော့်တို့ဟာ မိသားစုဝင်တွေဖြစ်ပါတယ်။ ကုမ္ပဏီအတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီနီယာ၊ ဂျူနီယာတွေကြား ပဋိပက္ခတွေရှိလို့ မရပါဘူး။ အပြန်အလှန် ဆက်ဆံရေးကနေတဆင့် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်တဲ့ ကုမ္ပဏီအဖြစ် ဖန်တီးရပါမယ်။ အားလုံးပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်နိုင်မယ်ဆိုရင် အလုပ်က ခက်ခဲပင်ပန်းနေရင်တောင် အပြန်အလှန် အကူအညီပေးရင်းနဲ့ ကျော်လွှားနိုင်ပါတယ်။

    ဒုတိယအချက်ကတော့ လုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်ရပါမယ်။ လက်ကျန်ငွေဆက်တိုက် လျော့ကျနေမှုကြောင့် အမြတ်ရရှိနိုင်ဖို့ ခက်ခဲလျက်ရှိပါတယ်။ ဒီနှစ်မှာ တစ်ဉီးချင်းချေးငွေကို အဓိကထားပြီး ချေးငွေလက်ကျန်ကိုတိုးမြှင့်ပြီး ကုမ္ပဏီအမြတ်ရနိုင်မယ့် အခြေခံအုတ်မြစ်ကို ဖန်တီးရပါမယ်။

    တတိယအချက်ကတော့ နောက်ကျချေးငွေကို တက်ကြွစွာကောက်ပေးကြဖို့ အကူအညီတောင်းပါတယ်။ ဒီထက်ပိုပြီး နောက်ကျချေးငွေတွေ တိုးလာတာကလည်း ပြဿနာဖြစ်ပေမယ့် လက်ရှိဖြစ်နေတဲ့ နောက်ကျချေးငွေကို ဆက်တိုက်ကောက်ယူနိုင်ဖို့ကြိုးစားမှုကလည်း ကုမ္ပဏီကို ရှေ့တစ်လှမ်းတိုး တိုးတက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    ချစ်ခင်လေးစားရပါသော ဝန်ထမ်းများအားလုံးခင်ဗျား…..

    ဝန်ထမ်းများရဲ့ စစ်မှန်တဲ့သစ္စာရှိမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ဒီအခက်အခဲကို အတူတူကျော်လွှားပြီး အကောင်းဆုံးကုမ္ပဏီအဖြစ် နောက်တစ်ကြိမ်ဖန်တီးကြပါစို့လား…..

    ကျွန်တော်တို့ ကုမ္ပဏီရဲ့ပိုင်ရှင်က ဝန်ထမ်းများသာဖြစ်ပါတယ်။ MDကတော့ ဝန်ထမ်းများအားလုံးအတွက် ကြိုးစားလုပ်ဆောင်ပါ့မယ်။ ဝန်ထမ်းများက မိမိကိုယ်ကို တိုးတက်ဖို့နဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးမှုအတွက် နည်းနည်းစီပိုပြီးကြိုးစားပေးကြဖို့ မျှော်လင့်ပါတယ်။

    နိဂုံးချုပ်အနေနဲ့ BNK Capital Myanmarရဲ့ တည်ထောင်ခြင်း (၉)နှစ်ပြည့်ကို ဂုဏ်ပြုရင် ကုမ္ပဏီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဝန်ထမ်းများရဲ့ တူညီတဲ့ချစ်ခြင်းမေတ္တာနဲ့ ကြိုးစားအားထုတ်မှုတွေကို နောက်ထပ်တစ်ကြိမ် လေးလေးနက်နက်ကျေးဇူးအထူးတင်ရှိပါတယ်။ ဝန်ထမ်းများအားလုံးနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ ပျော်ရွှင်ဖို့အတွက် အမြဲတမ်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    ၂၀၂၃ခုနှစ်၊ မတ်လ (၂၁)ရက်

    BNK Capital Myanmar Co., Ltd

    Managing Director Song Wonho