Language :
  • English
  • ဗမာစာ
  • More About Us
    Our Company History

    BNK Capital Myanmar Co.,Ltd သည် တောင်ကိုရီးယားနိုင်ငံ Financial လောကတွင်  Top (5) စာရင်းဝင်ကုမ္ပဏီ တစ်ခုအဖြစ် အောင်မြင်စွာရပ်တည်နေသော Busan Bank, Kyongnam Bank, BNK Capital, BNK Securities, BNK Savings Bank, BNK Asset Management, BNK Credit Info, BNK System အစရှိသဖြင့် ကုမ္ပဏီခွဲ ၈ခုဖြင့် ဖွဲ့စည်းထားသော BNK Financial Group ၏ လက်အောက်ရှိ  BNK Capital မှ မတည်ရင်းနှီးငွေ ၁၀၀ ရာခိုင်နှုန်းရရှိထားပြီး  ၂၀၁၄ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနမှ အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်ခွင့်လိုင်စင်အမှတ် (၀၂၀၅/၂၀၁၄) ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ပါသည်။

    ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အစရှိသဖြင့် တိုင်းနှင့် ပြည်နယ် ( ၉ ) ခု တွင် ရုံးခွဲပေါင်း (၄၁) ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

    Our Mission

    ယခုတွင် ချေးငွေလိုအပ်သူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်လျက် လိုင်စင်ရရှိထားသော တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ နောင်အနာဂတ်တွင်လည်း အဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက် မြန်မာနိုင်ငံ၏ အကောင်းဆုံး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။
    ထို့အပြင် အများပြည်သူ သာယာဝပြောရေးနှင့် လူမှုဘဝအဆင်ပြေစေရေး ရည်ရွယ်လျက် စာသင်ကျောင်းများတွင် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်း၊ သဘာဝဘေးအန္တရယ်နှင့် ရင်ဆိုင်ရသောပြည်သူများအတွက် စားသောက်ကုန်များ အဝတ်အထည်များ လှူဒါန်းပေးခြင်း အစရှိသော လူမှုရေးလုပ်ရှားမှုများကိုလဲ စိတ်အားထက်သန်စွာ နှစ်စဉ် လုပ်ဆောင်ပေးလျက်ရှိပါသည်။
    ကျွန်ုပ်တို့ BNK Capital Myanmar Co.,Ltd မှ အဖွဲ့ဝင်များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးကာ အကောင်းဆုံးဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံပြည်သူ၊ ပြည်သားများအနေနှင့်လဲ BNK Capital Myanmar ၏ အဖွဲ့ဝင် အဖြစ်ပါဝင်ရင်း အောင်မြင်ပျော်ရွှင်သော မိသားစုဘဝတွေကို ပိုင်ဆိုင်ကြဖို့ ဆုတောင်းပေးပါသည်။